MNP ၊ ဇူလိုင် ၂၈
ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် မှော်ဘီမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်သူကို ဓားဖြင့်ထိုးကာ လုယက်သူအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်ကာ ဖမ်းဆီးပေးခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၇ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ အင်းသုံးလုံးအမှတ်(၂)တံတားအနီးမှာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်မှာ သာယာကုန်းကျေးရွာနေ အမျိုးသားတစ်ဦး မောင်းနှင်လာသော (မှော်ဘီမှသာယာကုန်းသို့)ဆိုင်ကယ်ကို အမည်မသိ လူနှစ်ဦးမှ အခင်းဖြစ် နေရာတွင် တားဆီးပြီး ဆိုင်ကယ်စီးနင်းလာသည့်အဆိုပါအမျိုးသားကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်ကို ယူသွားခဲ့ခြင်းဖြစ်ပါတယ်။
အခင်းဖြစ်ပွားနေချိန် ယင်းနေရာကို ခရီးသွားအိမ်စီးကား တစ်စီးရောက်ရှိလာပြီး ဓားနှင့်ထိုး၍ ဆိုင်ကယ်လုသွားသည်ကို မြင်တွေ့လို့ ဓားနှင့်ထိုးသွားသူ မောင်းနှင်မည့်ဆဲဆဲဆိုင်ကယ်ကို ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ် တာဝန်ရှိသူတစ်ဦးမှ မြို့မလူမှုကူညီရေးအသင်းသို့ လူနာတင်ယာဉ်အကူညီ တောင်းဆို၍ သွားရောက် သယ်ယူခဲ့ပြီး ဆိုင်ကယ်လုယက်သူ ကားနဲ့အတိုက်ခံရသည့် လူနာနှင့် ဆိုင်ကယ်အလုခံရပြီး ဓားနှင့်အထိုးခံရသည့် လူနာအမျိုးသားကို မှော်ဘီပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
တာဝန်သိပြည်သူတစ်ဦး၏ ဆောင်ရွက်ချက်ကြောင့် လုယက်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်းပြီး စံပြုထိုက်သောပုဂ္ဂိုလ်အဖြစ် ချီးမွမ်းပြောဆိုလျက်ရှိပြီး ထိုကဲ့သို့ တာဝန်သိစိတ်ဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် ပြည်သူတိုင်း ပါဝင်ကူညီဆောင်ရွက်ကြရန် သုံးသပ်ပြောဆိုမှုများကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment