မိုးညိုမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်း သင်တန်းပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်း သင်တန်းပို့ချ



MNP ၊ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်မြို့နယ်အတွင်းရှိတစ်ပိုင်တစ်နိုင်ငါးမွေးတောင်သူများ ငါးမွေးမြူခြင်းလုပ်ငန်းကိုစိတ်ပါဝင်စားသူများအား ငါးမွေးမြူခြင်းဆိုင်ရာအသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ဘုရားငူကျေးရွာအုပ်စု၊ မိုးသစ္စာကျေးရွာရှိတစ်ပိုင်တစ်နိုင်ငါးသားဖောက်စခန်းတွင် အခြေခံငါးမွေးမြူရေးနှင့်သဘာဝနည်းဖြင့်ရွှေဝါငါးကြင်းသားဖောက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီကသင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးထွန်းထွန်းဦးက သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက်အုတ်ဖိုမြို့နယ်ငါးသားဖောက်စခန်းမှတာဝန်ခံဒေါ်မိုးသီတာက ရွှေဝါငါးကြင်းအသားတိုးမွေးမြူနည်း၊ ငါးမွေးမြူရာတွင်ရွေးချယ်ရမည့်မြေနေရာနှင့်မြေအမျိုးအစား၊ ကန်တူးဖော်ခြင်း၊ ကန်အရွယ်အစား၊ ဩဇာဓာတ်ထည့်သွင်းခြင်း၊ ငါးထည့်မွေးနူန်း၊ အစာကျွေးနူန်း၊ ရွှေဝါငါးကြင်းသားဖောက်ရာတွင် အထီး/အမရွေးချယ်ခြင်းနှင့်သားဖောက်နည်းအဆင့်ဆင့်အားသင်တန်းပို့ချခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့်အုတ်ဖိုမြို့နယ်ငါးသားဖောက်စခန်းမှတာဝန်ရှိသူများက ရွှေဝါငါးကြင်းသားဖောက်နည်းကိုသင်တန်းသား/သင်တန်းသူ ၃၀ ဦးအားလက်တွေ့ပြသပေးခဲ့သည်။

ရွှေဝါငါးကြင်းသည် ကြီးထွားနူန်းကောင်း၍စားသုံးရာတွင်အရသာရှိသောငါးတစ်မျိုးဖြစ်ကြောင်း၊ ရာသီဥတုအကြမ်းခံနိုင်၍အစာမရွေးကြောင်း၊ သားဖောက်ရလွယ်ကူကာ ရောင်းချရာတွင်လည်းဈေးကောင်းရရှိပြီး စီးပွားဖြစ်သော်လည်းကောင်း၊ တစ်ပိုင်တစ်နိုင်သော်လည်းကောင်း ဒေသမရွေးမွေးမြူနိုင်သောငါးမျိုးဖြစ်ကြောင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။


သတင်း - ကိုမင်း (မိုးညို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)