၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ပုသိမ်ခရိုင် အဆင့်)အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ပုသိမ်ခရိုင် အဆင့်)အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - ဇူလိုင်   ၂၃


၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ပုသိမ်ခရိုင် အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် ပုသိမ်မြို၊ အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးတို့က ၂၃ ကြိမ်မြောက်၊ မြန်မာ့ရိုး ရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အဆို၊ အကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခဲ့ကြပြီး  ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်အဖွဲ့များက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ အခမ်းအနား သို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် အနုပညာ ချစ်မြတ်နိုးသူ များ တက်ရောက်ခဲ့ကြသည်။


မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေကို မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်း နိုင်စေရေးအတွက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)