MNP - ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့ကြက်ဥများ တိုက်ကျွေးသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွားနို့ကြက်ဥတိုက်ကျွေးမှုကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် TC ကုမ္ပဏီတို့က စုပေါင်း၍ တိုက်ကျွေးခြင်းဖြစ်ကြောင်းသိရပြီး၊ အခမ်းအနားကို တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမှတ်(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက``အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ နွားနို့တိုက်ကျွေးကြပါစို့´´ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၇၃၄ ဦးတို့အား နွားနို့ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment