MNP - ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက အဖွင့်အမှာစကားပြောကြားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းဗိုလ် ကအမှာစကားဆက်လက်ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက သင်တန်းဖွင့်လှစ်မှုအပေါ် ဝမ်းမြောက်စကားပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြအဖြစ် ပို့ချ ဆွေးနွေးမည့်သူများမှမိတ်ဆက်စကား အသီးသီးပြောကြားကာ သင်တန်းသားများဖြင့် စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ သင်တန်းဖွင့်လှစ်ပို့ချမည့်နေရာသို့ သွားရောက်ကြည့်ရှုကာ သင်တန်းသားများအတွက် သင်ထောက်ကူစာအုပ်များ ပေးအပ်ခဲ့ပြီး ဆိုင်ကယ်ပြုပြင်သင်တန်း၏ ပို့ချမည့် စက်ပြင်ကိရိယာပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကို လေ့လာကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ဖြည့်ဆည်းပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား(၁၅)ဦးဖြင့် ဇူလိုင်လ (၁၄)ရက်နေ့မှ စတင်ကာ သြဂုတ်လ (၉) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (၂၁)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment