သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ် ဂဝံလမ်း‌ခင်းခြင်း ဆောင်ရွက်မည့် နေရာအားကျေးလက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ် ဂဝံလမ်း‌ခင်းခြင်း ဆောင်ရွက်မည့် နေရာအားကျေးလက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ကွင်းဆင်းစစ်ဆေး

 

                

MNP - ဇူလိုင်   ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ်ဂဝံလမ်း‌ခင်းခြင်း ဆောင်ရွက်မည့်နေရာအား သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ခံ အင်ဂျင်နီယာများ ကုမ္ပဏီမှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှု တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်ဂဝံလမ်းသည် အရှည်ပေ ၁၄၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိကြောင်းသိရပြီး ကျေးရွာနေပြည်သူများ လယ်ယာထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့အချိန်နှင့် တစ်ပြေးညီအချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် သယ်ယူပို့‌ဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကောင်းထူးအိမ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည့်လမ်းဖြစ်‌ဖြစ်ကြောင်း သိရသည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)