ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

 


MNP - ဇူလိုင်   ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျောစသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါတောင်သူများအနေဖြင့် ယာမြေများတွင် ဈေးကွက်ဝင် မည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။


ငှက်ပျောသီးနှံ စိုက်ပျိုးခြင်းသည် အလုပ်သမားရှားပါးခြင်းနှင့် သွင်းအားစု မြင့်မားခြင်းများ မရှိ သောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက်တောင်သူများထံမှ သိရှိရပြီး ငှက်ပျောစိုက်ရာတွင် တစ်ပင်ချင်းစိုက် (တစ်ပင်တန်း)နှင့် နှစ်ပင်တွဲစိုက် (စွယ်စုံ) စိုက်ပျိုးခြင်းဟူ၍  အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၈)ပေအကွာ စိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက အတန်းကြား (၁၀)ပေခန့် အကွာ စိုက်ပျိုးကြကြောင်း သိရသည်။


ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး (၈)လအကြာတွင် အဖူးများထွက်ရှိပြီး (၁၂)အကြာတွင် စတင် ခုတ်ရောင်းရကြောင်း၊ နှစ်ပင်တန်း(စွယ်စုံ) ငှက်ပျောတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ(၈၀၀) ခန့် ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုး(ငှက်ပျောစို့အပင်ငယ်)နှင့် စိုက်စရိတ် အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အသီးများရောင်းချပြီး ပင်စည်ခုတ်လှဲ ရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်းငွေကျပ် (၇)သိန်းကျော် (၈)သိန်းနီးပါး ကုန်ကျကြောင်း၊ ရောင်းချရမှုအနေဖြင့် ငှက်ပျောခိုင် တစ်ခိုင်လျင် ငှက်ပျော်အဖီး (၆)ဖီးသတ်မှတ်ကာ ငှက်ပျော အခိုင်(၄၀)ပါ နွားလှည်းတစ်စီးအား ငွေကျပ် (၁)သိန်းရှစ်သောင်း ဈေးရောင်းချ ရကြောင်း၊ ငှက်ပျောတစ်ဧကစိုက်ပျိုးထားပါက ပျမ်းမျှလှည်းအစီးရေ (၁၃)စီးမှ(၁၄)စီး ရောင်းချရကြောင်း၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာမှ တောင်သူဦးမျိုးထွန်းက ပြောပြသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)