ကဝမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP - ဇူလိုင်   ၂


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကျားတက်ကျေးရွာ ငါးမွေးမြူရေးကန်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး (ကိုယ်စား)ဌာနခွဲစာရေးကြီး ဦးထွန်းလင်းက ငါးလုပ်ငန်းဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်တက်လာစေရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ် (၂၅)ရပ်တွင်  ငါးသယံဇာတများထိန်းသိမ်းခြင်းဖြင့်  ငါးရိက္ခာဖူလုံစေရန်၊  စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ မျိုးသုန်းရှားပါးစာရင်းဝင်  ရေနေသတ္တဝါများနှင့် ၎င်းတို့နေထိုင်ကျက်စားရာ  ဒေသများအား ထိန်းသိမ်းကာကွယ်ရေးနှင့်  သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးကို  လုပ်ငန်းစဉ် တစ်ရပ်အဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ကလေးအလုပ်သမားပပျောက်ရေးနှင့်  သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများ၊  ကောက်နုတ်ချက်များကို  ထည့်သွင်းဆွေးနွေးသွားကြောင်းသိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျားတက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေလုပ်သားကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)