ထန်းတပင်မြို့နယ်၌ လူမှုရေးပင်စင်အား အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ လူမှုရေးပင်စင်အား အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်




MNP - ဇူလိုင်  ၂


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်လာပါသဖြင့် အသက်(၈၅)နှစ်အထက် အဘိုး/အဘွား(၁၅)ဦးအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက အောင်သုခရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ပေးအပ်ငွေများကို ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦလှမြင့်မှကြီးကြပ်၍ အဘိုး/အဘွားတစ်ဦးလျှင် ၂၀၂၂ ခုနှစ်(ဧပြီ ၊မေ၊ ဇွန်)လများအတွက် (၃၀၀၀၀/-) သုံးသောင်းကျပ်တိတိအား အဘိုး/အဘွားများထံသို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထန်းတပင်မြို့နယ်၌ အသက် (၈၅)နှစ်အထက် အဘိုး၊အဘွား (၅၁၃)ဦးရှိပြီး တစ်ဦးလျှင် ၂၀၂၂ ခုနှစ် ( ဧပြီ၊ မေ၊ ဇွန်) လများအတွက် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် ငွေကျပ်(၁၅၃၉၀၀၀၀/-)ကျပ်တိတိကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)