သထုံမြို့၊ အမက(ဘူတာ)အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၊ အမက(ဘူတာ)အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်





MNP ၊  ဇူလိုင်    ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က နန်းခဲရပ်ကွက်၊ အမက(ဘူတာ) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊  ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှကင်းဝေးစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခေတ္တ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ကျောင်းဝန်းကျင်စိမ်းလမ်းစိုပြေရေး၊ ရေစီးရေလာကောင်း‌မွန်စေရေးတို့အတွက် လမ်းဘေးဝဲယာ ရေနုတ်မြောင်းတစ်လျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်းရှိ အမှိုက်များ၊ မြက်များ၊ ခြုံနွယ်များရှင်းလင်းခြင်း၊ အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား (၃၉၀) ဦးခန့်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


သထုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)