သံဃသမဂ္ဂ အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများနှင့် ဘုန်းကြီးကျောင်းသား ၃ ဦး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၃နှစ်စီ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃသမဂ္ဂ အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများနှင့် ဘုန်းကြီးကျောင်းသား ၃ ဦး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၃နှစ်စီ ချမှတ်


MNP ၊ ဇူလိုင် ၉

မန္တလေးမြို့ပေါ်တွင် သံဃသမဂ္ဂ အမည်ခံ ဆူပူအကြမ်းဖက်လှုံ့ဆော်သူများနှင့် ဆူပူအကြမ်းဖက်လှုပ်ရှားသူ ကျောင်းသား ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီ  ချမှတ်လိုက်ကြောင်း သိရသည်။

သံဃသမဂ္ဂအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများထဲမှ ဦးသုစိတ်တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့ဖြစ်ပြီး ဘုန်းကြီးကျောင်းသား ၃ ဦးမှာ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်နှင့် ကိုဝင်းမင်းတို့ကို ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင် တရားရုံးတွင် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

သံဃသမဂ္ဂ အဖွဲ့ဝင် ဆူပူအကြမ်းဖက်လှုံ့ဆော်သူ ဦးပညာသီဟကိုလည်း ဇွန်လ ၁၀ ရက်နေ့တွင် ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

မန္တလေးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်လှုံ့ဆော်သူများကို တာဝန်သိ ပြည်သူတစ်ဦးက ကားဖြင့် တိုက်သွားခဲ့ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်သူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများသည် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့ဖွဲ့စည်းထားသော PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံက အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူ ၃၀၀၀ ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)