စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံဝန်းကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံဝန်းကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်



MNP - ဇူလိုင်   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံးတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ်စနေနေ့တိုင်းမှာလည်း မိမိတို့မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံဝန်းကြီး အတွင်း၌  ယနေ့ နံနက်(၇)နာရီမှ (၁၁)နာရီအထိ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မုံရွာပြည်သူ့ဆေးရုံကုတင်(၅၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်၊မြိူ့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ စုစုပေါင်းအင်အား(၂၀၀)ကျော်ဖြင့် အဆိုပါ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံဝန်းအတွင်း/အပြင်ရှိ  ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်းတို့ကို  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုရား‌စေတီ ပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်းတံတားများတွင် တပ်မတော်သားများ၊ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)