ကော့ကရိတ်မြို့၌ ၂၀၂၂ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ ၂၀၂၂ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ ကျင်းပ



MNP - ဇူလိုင်   ၃၁


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၂ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်နှင့် ကျေးရွာအုပ်စု အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အသင်းကို ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းပြော ကြားသည်။


ထိုနောက် ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းသို့ နေရာပြန်ယူခဲ့ကြသည်။ယင်းနောက် ချစ်ကြည်ရေးအနေဖြင့်ဘောလုံးပွဲစတင်ကစားခဲ့ကြသည်။


အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို ၃၀-၇-၂၀၂၂ရက်နေ့မှ ၂၈-၈-၂၀၂၂ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အမျိုးသားဘောလုံးအသင်း (၁၄)သင်းတို့ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ကွင်းဖွင့်ပွဲတွင် ချစ်ကြည် ရေးအနေဖြင့် ကော့ကရိတ်မြို့ဌာနဆိုင်ရာအသင်းနှင့် OLD STAR (PC)တပ်ရင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ OLD STAR (PC)တပ်ရင်းအသင်းက ၇ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)