ပင်းတယမြို့၊ ပုန်းတလုတ်ကန်ပတ်လမ်း သန့်ရှင်းသာယာရေး မြို့နယ်စည်ပင်သာယာ မှဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့၊ ပုန်းတလုတ်ကန်ပတ်လမ်း သန့်ရှင်းသာယာရေး မြို့နယ်စည်ပင်သာယာ မှဆောင်ရွက်

 


MNP - ဇူလိုင်   ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ၊ မြို့တွင်းသာယာ လှပရေး အလေးထားဆောင်ရွက်လျက်ရှိရာ၊ မြို့ကျက်သရေဆောင် သမိုင်းဝင်ပုန်းတလုတ်ရေကန်ဘေး၊ ကန်ပတ်လမ်းတစ်လျောက်၌ သန့်ရှင်းရေးဆောင်ရွက်ခြင်းအား မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့  နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ(ပင်းတယ)မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ လမ်းညွှန်မှုနှင့် အတူ စည်ပင်သာယာဝန်ထမ်းများကပင်းတယမြို့၊ မြို့ကျက်သရေဆောင် ပုန်းတလုတ်ရေကန်၊ ဘေးပတ်လမ်းများတစ်လျှောက် အမှိုက်များသိမ်းခြင်း၊ မြက်ပင်ပေါင်းပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ တံမျက်စည်းလှဲခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများအတွင်းရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားခြင်း၊  ရေကန်အတွင်းအမှိုက်သရိုက်များ မစွန့်ပစ်ရန် အမှိုက်ပုံးများစနစ်တကျထားရှိခြင်းတို့အား အလေးထားဆောင်ရွက်ခဲ့ပြီး၊ သန့်ရှင်း သပ်ရပ်သည့် မြို့အင်္ဂါရပ်နှင့်ညီစေရန် အပတ်စဉ်သက်မှတ်ရက်များအလိုက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအဖွဲ့ခွဲ၍ သန့်ရှင်းရေးများ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)