၂၀၂၁ ခုနှစ် သာယာသော နံနက်ခင်းတစ်ခု သတင်းထူး တစ်ရပ်က ဒေါ်စု အပါအဝင် NLD ခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ပြီ လို့ ကြားရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်အစောပိုင်းမှာ သတင်းစကားကို ကြားရပြီး အင်တာနက် လိုင်းတွေလည်း ခေတ္တပျက်တောက်သွားခဲ့ပါတယ်။ တပြိုင်နက်ထဲမှာပဲ ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ကာလုံအစည်းအဝေးခေါ်ယူပြီး တပ်မတော်ထံ လွှဲပြောင်း အပ်နှံခဲ့ပါတယ်။ ဒီသတင်းဟာ ကမ္ဘာ့စံချိန်တင် မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်ခဲ့တဲ့ NLD ပါတီအတွက် သတင်းဆိုးဖြစ်ပြီး၊ မဲလိမ်မဲခိုးမှုတွေအတွက် တရားမျှတမှုကို မျှော်လင့်နေကြတဲ့ သူတွေအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
သို့သော် NLD တွေမှာ အစီအစဉ်ရှိပြီးသား ဖြစ်နေပါတယ်။ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်အောင် လုပ်မယ်။ တပ်မတော်က ဝင်ပါလာခဲ့သော် ဆူပူအကြမ်းဖက်လုပ်မယ်ဆိုတဲ့ အစီအစဉ်က ကြိုတင်စီမံကိန်း ချထားပြီးသားဖြစ်နေပါတယ်။ တပ်မတော်က အာဏာထိန်းလိုက်ပြီ (NLD တွေရဲ့ အမြင်အားဖြင့် စစ်တပ်က အာဏာသိမ်းလိုက်ပြီ) ဆိုတဲ့ အချိန် ၁ရက်၊ ၂ရက်၊ ၃ရက် နေ့အထိ ထွက်မလာကြဘဲ ဖေဖော်ဝါရီလ(၄)ရက်နေ့ကြမှ လှည်းတန်းလမ်းဆုံမှာ စတင်စုဝေးပြီး ဆူပူအကြမ်းဖက်မှု လုပ်လာကြပါတယ်။ နေ့စဉ် ရက်ဆက်ဆိုသလို ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲ နိုင်ငံရေးသမား၊ အနုပညာရှင်တွေက လှုံ့ဆော်ကြနဲ့ ဆန္ဒပြပွဲလမ်းသဘင်ကြီး စည်ကားခဲ့ပါတယ်။
တပ်မတော်က ဆန္ဒပြသူတွေဟာ ဥပဒေနဲ့အညီ ဆန္ဒပြတာမဟုတ်သည့်တိုင်အောင် လှုံ့ဆော်မှုတွေကြောင့် လမ်းပေါ်ထွက်လာကြတာဖြစ်တဲ့အတွက် လှုံ့ဆော်သူတွေကိုသာ အမှုဖွင့်တာမျိုး လုပ်ခဲ့ပါတယ်။ အမှုဖွင့်တာတောင် အမှုဖွင့်ပြီး တခါတည်း အမိအရ ဖမ်းဆီးတဲ့ လုပ်ငန်းစဉ် မပါဘူး။ အမှုဖွင့်ထားရုံလောက်ပါပဲ။
စပြီး ဆန္ဒပြပါပြီဆိုကတည်းက ဆန္ဒပြပွဲတွေဆီ ကျွန်တော်ရောက်ပါတယ်။ သတင်းမှတ်တမ်း လိုက်ယူပါတယ်။ သတင်းသမားအများစုကတော့ စစ်အစိုးရကို ဆန့်ကျင်နေပြီဖြစ်ကြောင်း ဝါဒဖြန့်ကြဖို့ သတင်းရယူခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူတို့ရဲ့ သရုပ်ပျက် လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။ ဆန္ဒပြဖို့ မြို့နယ်အသီးသီးက အမတ်မဖြစ်လိုက်ရတဲ့ NLD အမတ်တွေက ကားတွေစီစဉ်ပေးတယ်။ လူတွေစည်းရုံးပြီး လွှတ်တယ်။ ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ လုပ်ဆောင်ချက်တွေပေါ့ဗျာ။ မြို့ထဲမှာ ဆူးလေ၊ လှည်းတန်း၊ မြေနီကုန်း၊ မြန်မာပလာဇာ ရှေ့တွေဟာ သူတို့ရဲ့ စုရပ်တွေဖြစ်ပြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ အစရှိတဲ့ မြို့နယ်တွေက ကားတွေနဲ့ တက်လာပြီး စုဝေးဆန္ဒပြကြခြင်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ လမ်းဘေးဝဲယာတွေမှာ တပ်မတော်ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ စတစ်ကာတွေ ကပ်ကြတာကိုလည်း တွေ့ရတယ်။ စနစ်တကျ လုပ်ဆောင်ထားတာတွေကို မြင်တွေ့ရခြင်းက ကြိုတင်စီမံ ဆောင်ရွက်ထားတဲ့ နိုင်ငံရေးအစွန်းရောက်တွေနဲ့ လုပ်စား NGO တွေရဲ့ လက်ကွက်တွေဆိုတာ ပေါ်လွင်ပါတယ်။
အဲဒီလို ဆန္ဒပြမှုများထဲကို လူငယ်တွေ ပူးပေါင်းပါဝင်ကြတယ်။ လူငယ်တွေက ဘာတွေ ကြွေးကြော်သလဲဆိုတော့ "ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်" ဆိုတဲ့ ကြွေးကြော်သံကို သံပြိုင်ဆိုပြီး လှည့်လည်ကြတာ။ နားထောင်လို့တော့ အကောင်းသား။
အနာဂတ်ရှိတယ်ဆိုတဲ့ လူငယ်တွေကို အနာဂတ်ပျောက်အောင် လုပ်တာ ဘယ်သူတွေလဲ။ အခုထိ စဉ်းစားမိပုံ မပေါ်ပါဘူး။ လူငယ်တွေ အနာဂတ်လှဖို့ ဘာလုပ်ရမှာလဲ။ လမ်းပေါ်တက် ဆူပူနေရမှာလား။ လမ်းပေါ်တက် ဆူပူအောင် လှုံ့ဆော်တာ တပ်မတော်လား၊ နိုင်ငံရေးသမားတွေလား။ ဒါကိုလည်း အဖြေမရှာကြပါဘူး။
အဓိက ပြဿနာဖြစ်တဲ့ NLD ပါတီရဲ့ မဲလိမ်မဲလိမ်ခိုးမှုကြီးကို ဖျောက်ဖျက်ထားပြီး တပ်မတော်ကပဲ ဥပဒေမဲ့ အာဏာကို သိမ်းပိုက်လိုက်သယောင် NLD ပါတီက နိုင်ငံရေးသမားတွေ၊ ၈၈ခေါင်းဆောင်ဆိုသူတွေ က သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေ ဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy တို့ကနေ အမှန်တရားကို ဖုံးကွယ်ပြီး တပ်မတော်ကိုသာ ပြစ်တင်ပြောဆိုမှုတွေနဲ့ အများပြည်သူရဲ့ အမြင်မှာ တပ်မတော်က အာဏာငမ်းဖမ်းနေသယောင်၊ သူတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အများပြည်သူကို မသိစေဘဲ လှုံ့ဆော်ခဲ့ကြရာကနေ အနာဂတ်ရှိပါတယ်ဆိုတဲ့ လူငယ်တွေဟာ သူတို့ရဲ့ လှုံ့ဆော်မှုတွေနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ကြတယ်။ မှိုင်းတိုက်တဲ့ သူတွေက နိုင်ငံတကာက မှိုင်းတိုက်နည်းပညာကို သူမတူအောင် လေ့လာထားသူတွေဖြစ်တော့ လူငယ်တွေမှာ ဘယ်လောက်အထိ မှိုင်းမိသွားသလဲဆိုရင် တပ်မတော်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လမ်းသွားရင်းဆဲ၊ ကားပေါ်မှာလည်းဆဲ လူငယ်တွေရဲ့ ရင်ထဲမှာ မြိုသိပ်မရလောက်အောင် မကျေနပ်မှုတွေ ဖြစ်ပေါ်သွားသည်အထိ မှိုင်းတိုက်နိုင်ခဲ့ကြပါတယ်။
တစ်နှစ်ကျော်ကြာကာလ ရောက်သည့်တိုင်အောင်လည်း လူငယ်တွေမှာ မှိုင်းမပြယ်သေးပါဘူး။ ၂၀၂၁-၂၀၂၂ ပညာသင် ကာလမှ အနာဂတ်ရှိပါတယ်ဆိုတဲ့ လူငယ်တွေက ပြည်ပြေး နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် စာသင်ကျောင်းတွေ ဖွင့်ခွင့်မရအောင် ဗုံးခွဲဖျက်ဆီးတယ်။ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်တယ်။ ကျောင်းသား/ကျောင်းသူတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ SP လုပ်တယ်။ နည်းမျိုးစုံစွာနဲ့ အကြမ်းဖက်မှုတွေ လုပ်ခဲ့ကြတယ်။ NLD အစွန်းရောက် ပြည်ပြေး နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှု၊ ပြည်တွင်းနေ နီပိန်း အကြမ်းဖက်သမားလေးများရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ/ဆရာမ၊ ပညာရေးဝန်ထမ်း ၅၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် NLD အစွန်းရောက် နီပိန်း အကြမ်းဖက်သမား များတဲ့ ဒေသတွေမှာ ကျောင်းတွေ မဖွင့်နိုင်သေးပါဘူး။
NLD ပါတီက အာဏာလက်မဲ့ဖြစ်သွားသော ပြည်ပြေးနိုင်ငံရေးသမားများ၊ ၈၈ပွင့်လင်း (ဂျော့ဆိုးရော့စ်ရဲ့ သားတပည့်များ) က နစက ဖွင့်လှစ်တဲ့ကျောင်းကို မတက်ကြဖို့၊ တစ်ပတ်နေရင် အာဏာပြန်ရတော့မှာ၊ တစ်လမကြာတော့ဘူး။ စစ်ကောင်စီ တပ်သားတွေ အတုံးအရုံးကျဆုံးနေပြီ။ သူတို့ အာဏာပြန်ရလို့ ဖွင့်မှ ကျောင်းတက်။ ဒီအချိန်မှာ ကျောင်းသွားတက်လို့ ခြေပြတ် လက်ပြတ်၊ အခက်မသင့်ရင် အသက်ပါသွားနိုင်တယ်ဆိုပြီး ကျောင်းသားမိဘတွေ၊ ကျောင်းသား/ကျောင်းသူတွေကို ခြိမ်းခြောက်ခဲ့ကြတယ်။ ဒီစကားတွေက လက်တွေ့ကျရဲ့လား။ တကယ်ဖြစ်လာသလား။ အဲဒီလို ခြိမ်းခြောက်တဲ့ကောင် ကိုယ်တိုင်က အဖမ်းခံရမှာစိုးလို့ ပြည်ပကနေ လှုံ့ဆော်နေခြင်းဖြစ်တယ်။
နစက အစိုးရက ၂၀၂၁-၂၀၂၂ ပညာသင်ကာလမှာလည်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေ ပညာသင်ယူခွင့် အခွင့်အရေးမဆုံးရှုံးရအောင် ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့တယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့တယ်။ ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ NLDအစိုးရ အလိုကျ မြန်မာ့ပညာရေးကို ဖျက်လို့ ဖျက်ဆီးလုပ်သွားတဲ့ သင်ရိုးတွေအတိုင်း သင်ကြားပေးနေတာပဲ မဟုတ်ဘူးလား။ မြန်မာ့ပညာရေးကို ဘယ်လို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသွားသလဲလို့ မေးခွန်းထုတ်ချင်သလား။ KG+12 ဆိုတဲ့ စနစ်ကို စတင်အကောင်အထည် ဖော်ခြင်းက အခြေခံလူတန်းစားတွေ အဆင့်မြင့်ပညာ သင်ယူဖို့ ခက်ခဲအောင် ပညာသင်ကာလ ရှည်ကြာပြီး သေစာရှင်စာတတ်ရင် တော်ပြီ ဆိုတဲ့ အခြေအနေမျိုးရောက်အောင် KG+12 ကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ဒါက အင်္ဂလန်မူလို့ ပြောရင် အင်္ဂလန်နဲ့ ထပ်တူကျအောင် ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုကို အလေးထားပြီး ပြဋ္ဌာန်းရမယ့် ပြဋ္ဌာန်းစာတွေမှာ ကိုယ့်စားပေ၊ ကိုယ့်ယဉ်ကျေးမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမျိုးတွေ လုပ်သင့်သလား။
ပညာရေးမှာ ကျွန်တော်တို့ထက် တော်တဲ့ တတ်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ပါလို့ ပြောလို့ရသည့်တိုင်အောင် ဒေါ်စုလို အမျိုးပျက်မှကို ယုံကြည်ထောက်ခံနေတဲ့ ပုဂ္ဂိုလ်တွေက ဒေါ်စုအလိုကျ ဒေါ်စုဖြစ်စေချင်သမျှ ဒေါ်စုကို ကြိုးကိုင်နေတဲ့ အနောက်အုပ်စုနဲ့ ငွေကြေးထောက်ပံ့ပေးပြီး မြန်မာ့ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသူတွေ အလိုကျ ရတဲ့ငွေကို ကိုယ့်အိတ်ထဲတစ်ဝက် ပညာရေးအတွက် မစို့မပို့သုံးပြီး တိုင်းဖျက်ပြည်ဖျက် လုပ်နေကြလို့ KG+12 စနစ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။
ကန့်ကွက်သည့်တိုင်အောင် ကျုပ်တို့ရဲ့ မျိုးဆက်သစ်သားငယ်၊ သမီးငယ်တွေကို ပညာရနိုင်သမျှ ရအောင် ကျုပ်တို့ ကျောင်းထားတယ်။ အမျိုးဖျက်မကြီး ဖျက်ဆီးသွားတဲ့ သင်ရိုးတွေအတိုင်းပဲ ကျွန်တော်တို့ သားငယ်၊ သမီးငယ်တွေ သင်ကြား၊ သင်ယူနေကြရပါတယ်။
နီပိန်း အကြမ်းဖက်ဝါဒီလေးတွေ မင်းတို့ရဲ့ အနာဂတ်ကို မင်းတို့ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီး ပြဋ္ဌာန်းသွားတဲ့ ပညာရေးနဲ့ မတည်ဆောက်သင့်ဘူးလား။ မင်းတို့ ယဉ်ကျေးမှုကို ဖျက်ဆီးချင်တယ်၊ ဘာသာရေးကို စော်ကားချင်တယ်။ မင်းတို့ ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီးက အခြေခံပညာရေးမှာပါ စနစ်တကျ လုပ်ပေးသွားခဲ့ပါတယ်။ မင်းတို့ရဲ့ အနာဂတ်ကို မင်းတို့ယုံကြည်တဲ့ အမျိုးဖျက်မကြီး ပြဋ္ဌာန်းပေးသွားတဲ့ ပညာရေးနဲ့ တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။
ထပ်ပြီး နီပိန်းအကြမ်းဖက်ဝါဒီလေးတွေကို သတင်းစကား ပါးချင်ပါသေးတယ်။ မင်းတို့တွေသာလျှင် NLD အစွန်းရောက် ပြည်ပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ မှိုင်းမိတာမဟုတ်ဘူး။ အခု နစက အစိုးရရဲ့ လက်အောက်မှာ ပြည်ထောင်စုဝန်ကြီးအချို့၊ ဝန်ကြီးချုပ်အချို့ဟာ မင်းတို့ ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီးရဲ့ လူတွေရှိတယ်။ မင်းတို့ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီး လုပ်သွားတဲ့ အစီအစဉ်တွေကို အပျက်အစီးမခံဘဲ နစက အစိုးရဲ့ လက်အောက်မှာ ဆက်လက်ပုံဖော်နေကြဆဲပါ။ ပြောရရင် NLD အစိုးရလက်ထက်မှာ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီး၊ ဘာသာ သာသနာကိုစော်ကား၊ ပညာရေးကို စနစ်တကျ ဖျက်ဆီးတဲ့ လုပ်ရပ်တွေ အခုလည်း အဲဒီပညာရေးပြဋ္ဌာန်းချက်တွေအတိုင်းပဲ။ မင်းတို့တွေ သံဃာတော်ပုံကို ထမီမှာချိတ်စွဲပြီး ဘာသာရေးစော်ကားတယ်။ သံဃာတော်ပုံတွေကို မဖွယ်မရာလုပ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေတယ်။ မင်းတို့ ကို အရေးယူမယ့် အဖွဲ့အစည်းက လူတွေက မင်းတို့ အမျိုးဖျက်မကြီးကို ယုံကြည်ထောက်ခံသလိုမျိုးပဲ သူတို့လည်း အမျိုးဖျက်မကြီးကို ယုံကြည်ထောက်ခံတဲ့အတွက် မင်းတို့ကို အမှုဖွင့်၊ အရေးယူတာမျိုး မလုပ်ပါဘူး။
ထပ်ပြောအုံးမယ် နီပိန်း အကြမ်းဖက်သမားလေးတွေ မင်းတို့ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီးကို ယုံကြည်ထောက်ခံခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကို မင်းတို့ နည်းမျိုးစုံနဲ့ ဒုက္ခပေးကြတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်သည်အထိ မင်းတို့တွေ ယုတ်မာရိုင်းစိုင်းခဲ့ကြတယ်။ နစ်နာသူ ရဟန်းရှင်လူပြည်သူလူထုအတွက် တရားမျှတမှု ရှာပုံတော် ဖွင့်လို့မရဘူး။ မင်းတို့ ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီးကို မင်းတို့ကို အရေးယူဆောင်ရွက်ရမယ့်သူတွေက မင်းတို့လိုပဲ ယုံကြည်ထောက်ခံနေကြလို့ အခွင့်ထူးရနေတာပေါ့။
နစက အစိုးရဆိုတာ တကယ်တော့ မင်းတို့ ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီး ဦးဆောင်တဲ့ NLD အစိုးရနဲ့ ဘာမှ မကွာခြားပါဘူး။ NLD အစိုးရလက်ထက်မှာ ဘာသာရေးစော်ကားမှုတွေ မင်းတို့ကြိုက်သလို လုပ် အရေးယူဆောင်ရွက်ခြင်း မခံရဘူး။ အခုလည်း မင်းတို့ နီပိန်းအကြမ်းဖက်သမားတွေအတွက် အခွင့်အရေး အပြည့်အဝပေးတယ်။ မင်းတို့ကို သက်ညှာတယ်။ မင်းတို့ကို မူလအတိုင်း အခြေအနေမပျက် နေထိုင်နိုင်ဖို့ ဖန်တီးပေးတယ်။ မင်းတို့လောက် အခွင့်ထူးရတဲ့ သူ မရှိဘူး။ နီပိန်း အကြမ်းဖက်သမားကို မကြိုက်လို့ သွားတိုင်တဲ့သူ ဒုက္ခရောက်သွားမယ်။ တကယ်တော့ နစက ဆိုတာ NLD အမည်ပြောင်း အစိုးရလို့တောင် ဆိုနိုင်ပါတယ်။
အဓိကအားဖြင့်တော့ "ကျွန်တော်တို့က လူငယ်တွေပါ၊ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်" လို့ မင်းတို့ ကြွေးကြော်ခဲ့ကြတယ်။ မင်းတို့ရဲ့ လိုလားချက်အတွက် နစက အစိုးရက NLD အစိုးရလက်ထက်မှာ စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလမ်းစဉ်အတိုင်းပဲ အကောင်အထည်ဖော်ပေးတယ်။ အမျိုးယုတ်လေးတွေ များပြားလာအောင် NLD အမျိုးဖျက်တွေ စနစ်တကျ လုပ်ခဲ့တဲ့ ပညာရေးကို အကောင်အထည်ဖော်ပေးနေတယ်။ မင်းတို့ လိုလားချက်တွေက အခုထိ ပြည့်ဝနေဆဲပါ။ မင်းတို့ အနာဂတ်ကို မင်းတို့ တည်ဆောက်လို့ ရတယ်။ မင်းတို့ခေါင်းထဲမှာ ရှိနေတဲ့ တိုင်းတပါးကို အထင်ကြီး၊ တိုင်းတပါးယဉ်ကျေးမှုကိုမှ အတုခိုးချင်သူတွေအတွက် မင်းတို့ခေါင်းဆောင် အမျိုးဖျက်မကြီးရဲ့ အစီအစဉ်တွေကို နစက အစိုးရက ဘာဆိုဘာမှ ပြုပြင်ခြင်း မရှိဘဲ ဖော်ဆောင်ပေးလျှက် ရှိပါတယ်။
နီပိန်း အကြမ်းဖက်ဝါဒီလေးတွေ အနေနဲ့ မင်းတို့ ယုံကြည်ထောင်ခံတဲ့ အမျိုးဖျက်မကြီးကို ယုံကြည်ထောက်ခံခြင်း မရှိတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ရင်းနဲ့ပဲ မင်းတို့ရဲ့ အနာဂတ်ကို ထောင်ထဲမှာ တည်ဆောင်မလား။ မင်းတို့ ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီး နဲ့ အပေါင်းအပါများ ဖောက်လုပ်ပေးသွားတဲ့ လမ်းပေါ်ကို ဥပဒေဘောင်အတွင်းက လျှောက်ပြီး တည်ဆောက်ကြမလား။ မင်းတို့တွေပဲ စဉ်းစားဆုံးဖြတ်ကြပါ။
"ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်" လို့ ကြွေးကြော်ပြီး မိမိတို့ရဲ့ အနာဂတ်ကို အကြမ်းဖက်သမားများအဖြစ်နဲ့ အချိန်မကုန်စေဘဲ မင်းတို့ ယုံကြည်ထောက်ခံတဲ့ အမျိုးဖျက်မကြီးနဲ့ အပေါင်းအပါများ စနစ်တကျ ဖော်ဆောင်ခဲ့တဲ့ တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် လမ်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေဘောင်အတွင်းကနေ ရရှိအောင် ကြိုးစားဆောင်ရွက်ကြပါလို့ အကြံပြု တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါသည်။
ဒေါင်းနင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment