ကျွန်တော်တို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် နောင်တရားမြို့ပြတည်ဆောက်ရေးကို အကြောင်းပြုပြီး မြေယာများကို လိုအပ်သည်ထက် များစွာ သိမ်းဆည်းခဲ့ပါသည်။ ထိုသို့ သိမ်းဆည်းရာတွင် ကျွန်တော်တို့၏ ဘိုးဘွားပိုင်မြေ (၁.၇၅)ဧကလည်း ပါဝင်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှစ၍ သိမ်းဆည်းခဲ့ပြီး ကျွန်တော်တို့ မြေသည် ယခင်က အထွေထွေအုပ်ချုပ်ရေးရုံး မြေနေရာတွင် ပါဝင်ခဲ့ပါသည်။ ယခု ၂၀၂၂ အထိ ၎င်းမြေနေရာမှာ မည်သည့်အဆောက်အဦးမှ မရှိဘဲ လစာရှိဝန်ထမ်းများက ရာသီသီးနှံအလိုက် အငှားချ စိုက်ပျိုးလုပ်ကိုင် လျက်ရှိပါသည်။
ထိုသို့ ပြုလုပ်သည့်အတွက်ကြောင့် ဝင်ငွေလစာမရှိတဲ့ ကျွန်တော်တို့မှာ (၁၉)နှစ်တိုင်တိုင် ၎င်းစိုက်ပျိုးမြေများ သိမ်းဆည်းခံရပြီး စားဝတ်နေရေး၊ အလုပ်ကိုင်များစွာ နစ်နာခဲ့ရပါသည်။
ကျွန်တော်တို့အနေဖြင့် ယနေ့ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထပ် လုပ်ငန်းတာဝန်များကို တိကျပြတ်သားသော အရည်အချင်းရှိ နိုင်ငံခေါင်းဆောင်များ ခေတ္တယာယီ ထိန်းသိမ်းစောင့်ရှောက်ပေးနေကြောင်း သိရှိရသည့်အတွက် ဌာနဆိုင်ရာများတွင် နိုင်ငံတော်အတွက် အမှန်တကယ် အသုံးချခြင်းမရှိဘဲ ကာလရှည်ကြာစွာ သိမ်းဆည်းခံထားရသည့် ကျွန်တော်တို့၏ မြေနေရာကို စိစစ်ဖော်ထုတ်ပြီး အမြန်ဆုံး ပြန်လည်စွန့်လွှတ်ပေးနိုင်ရန် တင်ပြလိုပါသည်။
အများပြည်သူ စိုက်ပျိုးလုပ်ကိုင်နေသော မြေကို အာဏာဖြင့် သိမ်းဆည်းရယူပြီး အာဏာရှိသူတစ်စုက အလွဲအသုံးချနေခြင်းကြောင့် မူလတောင်သူ နိုင်ငံသားများ နစ်နာဆုံးရှုံး၊ ဆင်းရဲမွဲတေ ဒုက္ခရောက်နေရသည့် အခြေအနေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အလေးထားဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသော မြေယာဥပဒေများနှင့်အညီ နောင်တရားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိမ်းယူထားသော်လည်း အသုံးပြုခြင်းမရှိဘဲ အခြားသူများနှင့် အကျိုးတူ မြေငှားစားနေသော မြေယာအား ကျွန်တော်၊ ကျွန်မတို့ မူလပိုင်ရှင်များမှာ မိသားစုဝင်များပြားပြီး စိုက်ပျိုးမြေ မရှိပါသဖြင့် လိုအပ်သလို အမြန်ဆုံးပြန်လည်စိစစ် စွန့်လွှတ်ပေးနိုင်ပါရန် သနားခံ တင်ပြအပ်ပါသည်။
ဦးခွန်ပန်းစိန်၊ ဒေါ်ရီရီဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment