အထက်ပါအကြောင်းအရာကိစ္စနှင့် ပက်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ကျောင်း/ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဘွဲ့ရ ပညာရေးအောက်ခြေဝန်ထမ်းများကို သင်ကြားရေး မူလတန်းပြ သို့ တာဝန်လွှဲပြောင်းပေးစေလိုပါတယ်ရှင့်။
အောက်ခြေရုံးဝန်ထမ်းများသည် ဘွဲ့ရရှိထားသူ၊ ကျောင်းသားမိဘ ဆက်ဆံရေး နှင့် သင်ကြားသင်ယူခြင်းတွင် အတွေ့အကြုံနဲ့ လုပ်သက်ရှိသူများဖြစ် ပြီးNon CDM အဖြစ် အသက်စွန့်ကာ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပါသည်။ သင်ကြားရေးဝန်ထမ်း လိုအပ်ချက်အရ သင်ကြားရေးတွင် ပါဝင်ရသော်လည်း မိမိကို သိမ်ငယ်စေခြင်း ကျောင်းသားနဲ့မိဘများ၊ သင်ကြားရေး ဝန်ထမ်းအချို့၏ လေးစားမှုမရှိခြင်းကို ခံရပါသည်။
သို့ဖြစ်ပါ၍ သင်ကြားရေးစစ်စစ် အပြည့်အဝ ဖြစ်ချင်သူများရှိပါသည်။
၁၉/၂၀ ထက် လယ် မူ ဖြေဆိုထားသော ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ အဖြေလွှာများကို ပြန်လည်စစ်ဆေး ပေးစေလိုပါသည်။ ၅မှတ်ဖိုး ၁၀မှတ်ဖိုးသာ ဖြေဆိုနိုင်ခဲ့ခြင်းမဟုတ်ဘဲ အပြည့်အဝဖြေဆိုနိုင်သောအဖြေလွှာသည် ဘယ်လိုသောအကြောင်းပြချက်ကြောင့် ပယ်ချခဲ့ပါသလဲ။ တပ်မိသားစုဖြစ်၍ ပယ်ချခဲ့လေသလား၊ အောက်ခြေရုံးဝန်ထမ်းမို့ ထည့်မတွက်ဘဲ ချိုးနှိမ်ထားလို၍ ပယ်ချခဲ့လေသလား ဟုသံသယမေးခွန်းများ မေးချင်ခဲ့ပါသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အဖြေလွှာများ ပြန်လည်စီစစ် ပေးပါရန်တောင်းဆိုတင်ပြပါသည်။
မညမ-၅၅(၁၉/၂၀)၂၀၂၁
မညမ-၂ (၁၃/၁၄)၂၀၂၂
မိုးညှင်းမြို့နယ်
ကချင်ပြည်နယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment