MNP ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အ.ထ.က (၅) သီရိပညာခန်းမ၌ ယနေ့ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု(အဆို၊ အက၊ အရေး၊ အတီး)ခရိုင်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ဆက်လက် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင် တင့်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် (၂၃ )ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဝါသနာရှင် (ဒုတိယတန်း) ကာလပေါ်တေး (အမျိုးသား) အဆို ပြိုင်ပွဲတွင် ဝါသနာရှင် (၄)ဦးမှ “တစ်ဆောင်းသစ်ပြန်ပြီ” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် (ဒုတိယ တန်း)ကာလပေါ်တေး (အမျိုးသမီး) အဆို ပြိုင်တွင် ဝါသနာရှင် (၅)ဦးမှ “တရေးချစ်ခွင့်မြင်ရနိုး” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်ပထမတန်း (အမျိုးသမီး)အဆိုပြိုင်တွင် ဝါသနာရှင်(၂)ဦးမှ “ချစ်မိုးကြီး” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း) အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး (အမျိုးသား)အဆို ပြိုင်တွင် ဝါသနာရှင်(၂)ဦးက “မဟာ” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း)အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး အမျိုးသမီး အဆိုပြိုင်တွင် ဝါသနာရှင်(၃)ဦးမှ“သီတာရတနာ”သီချင်းဖြင့် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များ၊ ပဲခူးခရိုင်အတွင်းမြို့နယ်(၈)မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အနုပညာရှင်/အတတ်ပညာရှင်/ဝါသနာရှင် ပြိုင်ပွဲဝင်များအားအခြေခံပညာအဆင့်မှ ကျောင်းသူလေးတစ်ဦးက “အာယားမ” သီချင်းဖြင့် ဧည့်ခံကပြဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပ ခဲ့ရာ ကာလပေါ် (အဆို) ပြိုင်ပွဲတွင်(အသက် ၁၀-၁၅) အဆင့် ဆုရရှိသူများ၊ အခြေခံပညာ(အသက် ၁၅-၂၀)အဆင့် (အမျိုးသား)ဆုရရှိသူများ၊ ဝါသနာရှင် ပထမတန်းအဆင့် (အမျိုးသား) ဆုရရှိသူများ၊ ဝါသနာရှင်ဒုတိယတန်းအဆင့် (အမျိုးသား) ဆုရရှိသူများ၊ အကပြိုင်ပွဲတွင် (၁၀-၁၅)အဆင့် (အမျိုးသား)ဆုရရှိသူများအား တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအဆင့်မှ ကျောင်းသူတစ်ဦးက “အောင်ပါစေ” သီချင်း ဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment