MNP ၊ ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမာန်တော်၌ဇူလိုင်( ၃ )ရက် မွန်းလွဲ (၂ )နာရီက
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ(သတ္တမအကြိမ်မြောက်)နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအောင်ဆုနှင်းသဘင်အခမ်းအနား ကိုကျင်းပပြုလုပ်သည်။
အခမ်းအနားမှူးဆရာတော်အဖြစ်ထောက်ကြံ့ချင်းကျောင်းဆရာတော်ဦးကောလိနိယမှဆောင်ရွက်ပြီး အစီအစဉ်အရ အခမ်းအနားတက်ရောက်လာသည့်ဆရာတော်အရှင်သူမြတ်များ၊ အလှူရှင်များနှင့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆုရရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရမည်းသင်းမြို့နယ်လုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဩဝါဒစရိယဇီးဖြူကုန်းဂန္တဓူရစာသင်တိုက်ဆရာတော် ဘဒ္ဒန္တလင်္ကာဒီပ ဆရာတော်ထံကဧည့်ပရိသတ်တို့မှ(၅)ပါးသီလဆောက်တည်ကြကာ စာမေးပွဲကျင်းပကျင်းပရေး ဥက္ကဋ္ဌ ဆရာတော်ဦးစန္ဒောဘာသက ရ/သုံးငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်စာရင်းများကို အနုမောဒနာပြုဖတ်ကြားပါသည်။
ထို့နောက်တာဝန်ရှိ ဆရာတော်အရှင်သူမြတ်များက ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူများအနက် မှ Top Ten ရရှိသည့် အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်ရရှိသူများအား ဂုဏ်ပြုဒိုင်းဆု၊ ဆုငွေ၊ စာအောင်လက်မှတ်နှင့် အမှတ်တရကွန်ပါဘူးတို့ကို အသီးသီးချီးမြှင့်သည်။
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပရာ ဝင်ရောက်ဖြေဆိုသူပေါင်း (၅၃၀၀)ဦးရှိပြီး စာမေးပွဲအောင်မြင့သူပေါင်း( ၃၃၁၅)ဦးအနက် ဂုဏ်ထူးဖြင့်အောင်မြင်သူ(၁၃၁၅)ဦးရှိပြီး (Top Ten)ရရှိသူ အထက်တန်းဆင့်(၁၀)ဦး၊ အလယ်တန်းဆင့်(၁၀)ဦးနှင့် မူလတန်းဆင့်(၁၀)ဦးတို့ကို အလှူရှင်များလှူဒါန်းသည့် စက်ဘီး(၁၈)စီး၊ စတီးလ်ချိုင့်(၁၂)ခုတို့ကို မဲဖောက်ကာ ဆုများချီးမြှင့်ပေးအပ်ပြီး အလှူငွေကျပ်စုစုပေါင်း(၄၅)သိန်းကို ဂုဏ်ထူးဖြင့်အောင်မြင်သူများအား အသီးသီးဆုငွေချီးမြင့်ပေးအပ်ခဲ့သည့်အပြင် အောင်မြင်သူအားလုံးကို အောင်လက်မှတ်နှင့် အမှတ်တရကွန်ပါဘူးများ ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment