MNP ၊ ဇူလိုင် ၃
တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္ဒာလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား NLD အစွန်းရောက်များက ဖောက်ခွဲတိုက်ခိုက်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အုပ်ချုပ်ရေးမှူးရုံးအား NLD အစွန်းရောက်များက ဖောက်ခွဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ စိစစ်ရာ လူငယ် ၂ ဦးစိစစ်ဆဲမှ ရုံးအတွင်းသို့ဝင်ရောက်လာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိနေသည့် ကျား ၁ ဦးတွင် ဦးခေါင်း ဗုံးစထိမှန် (စိုးရိမ်ရ)နှင့် မ ၂ ဦးတွင် ဗုံးစထိမှန် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ကျား ၁ ဦးအား ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment