ရေကန်အဖြစ် သတ်မှတ်ထားသော မြေနေရာများတွင် ခြံခတ်၍ အဆောက်အဦးဆောက်လုပ်နေ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကန်အဖြစ် သတ်မှတ်ထားသော မြေနေရာများတွင် ခြံခတ်၍ အဆောက်အဦးဆောက်လုပ်နေ (အိတ်ဖွင့်ပေးစာ)


တာဝန်ရှိသူများ သိရှိဖြေရှင်းပေးနိုင်ပါရန် - 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုရပ်ကွက်၊ အောင်မင်္ဂလာလမ်းမကြီးဘေးတွင်ရှိသော မြေကွက်လပ်များပေါ်တွင် ခြံခတ်ခြင်း၊ အဆောက်ဦးဆောက်လုပ်ခြင်းများအား တွေ့ရှိနေရပါသည်။ ၎င်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မသိ၍လား။ သို့မဟုတ် စီမံကိန်းတရပ် ရှိနေလို့လား။ မူလ လယ်ယာမြေပိုင်ဆိုင်သူအား ပြန်လည်အပ်နှပ်သောကြောင့် ၎င်းမြေပိုင်ရှင်မှ မြေကွက်များ အကွက်ရိုက်၍ ရောင်းစားနေခြင်းလား ဆိုတာ မြို့နယ်နေပြည်သူများအနေဖြင့် သိချင်ပါသည်။


၎င်းမြေနေရာနှင့်ပတ်သက်၍ ကျနော်သိရှိထားသောအချက်လက် အနည်းငယ်ကိုတင်ပြလိုပါသည်။

၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဗိုလ်မှူးကြီးဦးမောင်ပါသည် မြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်ညှိနိုင်၍ ခနောင်တိုရှေ့၊ ခနောင်တိုနောက် ဆက်စပ်လျှက်ရှိသော လယ်မြေဧက(၃၀)အား ၂၀၀၄ ခုနှစ်ကာလတန်ကြေးဖြင့် ဝယ်ယူခဲ့ပါသည်။

သောက်ရေကန် (၃)ကန်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေသန့်အင်ဂျင်နီယာဒေါ်ချယ်ရီအောင်မှ ဌာနပိုင် စက်ယန္တရားများဖြင့်(၂၀၀၄-၂၀၀၅)ခုနှစ်များတွင် လာရောက်တူးဖော်၍ အောင်မင်္ဂလာကန် ၏ အရှေ့ဘက်နှင့် အောင်မင်္ဂလာလမ်းကြားတွင် ဦးထွန်းအေး ရောင်းထားသော (၁၂.၅)ဧကအနက် (၅)ခန့်အား မြို့နယ်၏ ရေပေးဝေရေးလုပ်ငန်းတွင် လိုအပ်တာများ အသုံးပြုရန်ချန်ထားခဲ့ပါသည်။

ယခု အခါ ထိုမြေတွင် ခြံခတ်၊ အဆောက်အဦး ဆောက်လုပ်ခြင်းများ လုပ်ဆောင်နေသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးနိုင်ရန် လေးစားစွာ တင်ပြအပ်ပါသည်။


ဒိုး/ အမျိုးသားရေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)