ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှုမရှိစေ ရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှုမရှိစေ ရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်







MNP ၊ ဇူလိုင် ၃

ဥကရစ်ထစခန်းအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းအသုံးပြု၍ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း အဆိုပါစခန်းမှ တပ်မတော်သားများအနေဖြင့်  မြေပြင်ပစ်ကူနှင့် လေကြောင်းပစ်ကူများရယူ၍ ရွပ်ရွပ် ချွံချွံ မဆုတ်မနစ်ကြံ့ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့် အသက်ကို ပဓာနမထားဘဲ ခုခံတိုက်ခိုက် ခဲ့မှု၊ စစ်ကူစစ်ကြောင်းများ အနေဖြင့်လည်း ရာသီဥတုနှင့် အခြားသောမြေအနေအထား ကန့်သတ်ချက်များကြားမှ ဥကရစ်ထစခန်းရှိ တပ်မတော်သားများနှင့် တပ်ချင်းချိတ် ဆက်ပူးပေါင်းကာ ဥကရစ်ထစခန်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုကို ဇူလိုင် ၂ ရက်တွင် အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


ထိုသို့ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် အချိန် အခက်အခဲကြောင့် မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားများ ပြည့်စုံစွာဖော်ပြနိုင် ခြင်းမရှိခဲ့သဖြင့် အဆိုပါ စစ်ကူ၊ စစ်ကြောင်းများနှင့် ဥကရစ်ထစခန်းမှ တပ်မတော် သားများ တပ်ချင်းချိတ်ဆက်ပူးပေါင်းနိုင်မှု မှတ်တမ်းဓာတ်ပုံများကို ထပ်မံ ထုတ်ပြန်ထားသည်။


ထို့ပြင် ဥကရစ်ထစခန်းအနီးပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေလုံခြုံရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ရာတွင်လည်း KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်း အဖွဲ့အနေဖြင့် ဥကရစ်ထစခန်းအား လာရောက်တိုက်ခိုက်ခဲ့စဉ် စေတီပုထိုးများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သည့် နေရာများကိုလည်း တွေ့ရှိရကြောင်း၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက် သမားများ ခိုအောင်းအခြေချနေထိုင်မှု မရှိစေရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)