မြဝတီမြို့၌ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ် သင်တန်းဖွင့်လှစ်




MNP - ဇူလိုင်   ၂၃


အစိုးရဌာနဆိုင်ရာရုံးဌာနများမှ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသူဝန်ထမ်းများအား ငွေစာရင်းဆိုင်ရာကိစ္စရပ်များအား စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်သည့် ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ် သင်တန်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြဝတီခရိုင်စာရင်းစစ်ရုံးမှ ခရိုင်စာရင်းစစ်မှူး ဒေါ်ခင်သီတာထွန်းက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ သင်တန်းသား၊ သင်တန်းသူများဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်လျက်ရှိပြီး ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာပို့ချသွားမည်ဖြစ်သည်။


ယခုသင်တန်းအား ဖွင့်လှစ်ခြင်းဖြင့် အစိုးရဌာနဆိုင်ရာရုံးဌာနများမှ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသူ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကိုသိရှိနားလည်စေပြီး ငွေစာရင်းဆိုင်ရာကိစ္စရပ်များအား စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)