ပလောက်မြို့ရှိ ဥယျာဉ်ခြံမြေများတွင် ကြားသီးနှံအဖြစ် ဝဥကို စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပလောက်မြို့ရှိ ဥယျာဉ်ခြံမြေများတွင် ကြားသီးနှံအဖြစ် ဝဥကို စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုး



MNP - ဇူလိုင်  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ တောင်သူ ဦးတွတ်နီ၏ ဝဥစိုက်ခင်းသို့ ယနေ့နံနက်(၉)နာရီအချိန်က ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမြို့ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့ မြို့တာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်း၍ဝဥစိုက်ခင်းသို့ ကွင်းဆင်းဆွေးနွေးအားပေးခဲ့ကြောင်း သိရသည်။


ယခင်က ဝဥ ကို သဘာဝတောတွင်သာ ပေါက်ရောက်ပြီး ယခုအခါ ပြည်ပဈေးကွက်ရရှိလာသည့်အတွက် ဒေသခံတောင်သူများက မိမိတို့၏ဥယျာဉ်ခြံနှင့် ရော်ဘာစိုက်ခင်းများတွင်ကြား သီးနှံအဖြစ် ဝဥကို စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက် မှာဘဲ့ရောင်းချခဲ့ရပြီး ယခုနှစ်ကစပြီး ပြည်ပဈေးကွက်ချိတ်ဆက် ရောင်းနိုင်လာသည့်အတွက် တောင်သူတွေ စိတ်ဝင်စားမှုများလာပြီး ယခုကဲ့သို့ တိုးချဲ့စိုက်ပျိုးလာတာဖြစ်ကြောင်း တစ်ဧက ကုန်ကျစရတ်အနေနှင့် သိန်း(၅၀)ခန့်ကုန်ကျပြီး၊ တစ်ဧကဝင်ငွေအနေနှင့် သိန်း(၈၀-၁၀၀)အထိရရှိနိုင်ကြောင်း ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - နှင်းမြူလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)