ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)တို့မှ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)တို့မှ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေအား သွားရောက်ကြည့်ရှု




MNP - ဇူလိုင်  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၏  မြေပြင် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှု ဖြိုးသူရကျော်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးရှိန်းနေလွင်ထွန်းတို့မှ သွားရောက် ကြည့်ရှု အားပေးခဲ့သည်။


ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မြေပြင်စာရင်းများအား တိုက်ဆိုင်စစ်ဆေးရာတွင် လွဲမှားမှု မရှိစေရေးနှင့် သတ်မှတ်ရက် မတိုင်မီ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် မှာကြားခဲ့ပြီး အခက်အခဲများနှင့် လိုအပ်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ 


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)