ဘီးလင်းမြို့၊ ကန်သာယာ အထက်တန်းကျောင်း၌ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့၊ ကန်သာယာ အထက်တန်းကျောင်း၌ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP ၊ ဇူလိုင် ၂

သထုံခရိုင်  ဘီးလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်သာယာ)မှ  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆို အောင်မြင်ကြသော  ကျောင်းသား ၊ကျောင်းသူများအား   ပညာရည် ထူးချွန်ဆု ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ-ထ-က ကန်သာယာကျောင်းမဟောသဓာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်Grade - 11 ကျောင်းသား ၊ကျောင်းသူလေးများ က ပညာပန်းခင်း တေးသီးခင်းဖြင့်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ် ခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက်အထက ကန်သာယာကျောင်းအုပ်ဆရာ ကြီး ဦးဝင်းသူက ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပပေး ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အထက ကန်သာယာကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦး     ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၁ဦး၊ရိုးရိုးအောင် ၁၆ ဦး ၊ စုစုပေါင်း  ကျောင်းသား၊၊ ကျောင်းသူ  ၃၄ ဦး နှင့် ဘာသာရပ် အလိုက် ထူးချွန်စွာ သင်ကြားပေးခဲ့ကြသော ဆရာ ၊ဆရာမများ အား ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးဇေယျာသန်း က ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကူညီ ပံ့ပိုးသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)