မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ ဇူလိုင် ၁၂

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုးချဲ့ခန်းမဆောင်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက မြန်မာ့ပို့ကုန်များ ရုရှားနိုင်ငံဈေးကွက်သို့ မဟာဗျူဟာ ကျကျ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြန်မာ- ရုရှား နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၆၀ ကျော်သာရှိသဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံလုံးမှ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် အစိုးရပိုင်းသာမက ပုဂ္ဂလိကကဏ္ဍပိုင်းမှလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း အစရှိသော လယ်ယာထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံသို့တင်ပို့ရန် အလားအလာရှိသော ကုန်စည်များအဖြစ် ဈေးကွက်သစ်ချဲ့ထွင် တင်ပို့သွားနိုင်ရေးအပေါ် တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ တင်ပို့ကုန်စည်များနှင့်ပတ်သက်၍ လက်ရှိနှစ်နိုင်ငံ ကုန်သွယ်မှုဆောင်ရွက် နေသည့် အခြေအနေများနှင့် အခက်အခဲများ၊ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)