MNP ၊ ဇူလိုင် ၁၂
ကာကွယ်ရေးဦးစီးချုပ်ရုံး ( ကြည်း ) ၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် တပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပညာရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ သင်ရိုးဟောင်းပညာ ရေးစနစ်မှ သင်ရိုးသစ်(KG+12)ပညာရေးစနစ်သစ်သို့ ပြောင်းလဲသင်ကြားပေး ရာတွင် အားနည်းချက်/အားသားချက်များနှင့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်ပညာရေးကျောင်းများ ပညာရည်တိုးတက်မြင့်မားရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ ကို အကျယ်တဝင့် အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းက ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ထည့်သွင်းဆွေးနွေးလိုသည့်အချက်များနှင့် ပတ်သက်၍ အမှာ စကားပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ အခြေခံပညာ ကျောင်းများတွင် ဒီမိုကရေစီသဘောတရားများနှင့် ပတ်သက်၍ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပေးနိုင်မှု၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်စေရေး၊ နိုင်ငံချစ်စိတ်နှင့် နိုင်ငံတော်အပေါ် ကာကွယ်စောင့်ရှောက်လိုစိတ် များ မွေးမြူနိုင်စေရေး၊ ကျောင်းသားဗဟိုပြုသင်ကြားခြင်းနှင့် စာကြည့်တိုက် များ၏အရေးပါမှု၊ KG+12 ပညာရေးစနစ်သစ်အရ အထက်တန်းအဆင့် တက်ရောက်လျက်ရှိသည့် ကျောင်းသား/ကျောင်းသူများ၏ အတန်းပညာ ပြီးမြောက်မှုအတွက် စာမေးပွဲဖြေဆိုရမှုနှင့် တက္ကသိုလ်သို့ ဆက်လက်တက် ရောက်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေ၊ ကျောင်းသား/ကျောင်းသူများ အတွက် စာသင်ခန်းလိုအပ်ချက်များ ဆောင်ရွက်ထားရှိမှု၊ သင်ရိုးဟောင်းပညာ ရေးစနစ်မှ သင်ရိုးသစ်(KG+12)ပညာရေးစနစ်သစ်သို့ ပြောင်းလဲသင်ကြားပေး ရာတွင် အားနည်းချက်/အားသားချက်များနှင့် အကျိုးကျေးဇူးများ၊ အခြေခံ ပညာအထက်တန်း ပြီးမြောက်ကြောင်းလက်မှတ် (Completion Certificate)၏ အခွင့်အလမ်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ပြင်ပဖြေ)တွင် တစ်ကြိမ်ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ၎င်းနှစ်တွင် ကျရှုံးသည့် ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ယူမှုအခွင့်အလမ်းများနှင့် အသက်မွေးမှုဆိုင်ရာဆောင်ရွက်မှုများ စသည့် ခေါင်းစဉ်များအလိုက် အကျယ် တဝင့်ဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်း လင်းဖြေကြားသည်။
ဆွေးနွေးပွဲကို ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းနှင့် ဖိတ်ကြားထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်းများမှ ကျောင်း အုပ်ချုပ်မှု တာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment