ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် စက်ရုံအလုပ်သမားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ First dose၊ Second Doseနှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Korace အထည်ချုပ်စက်ရုံတို့၌ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ ၃ နာရီ အချိန်ထိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို First dose၊ Second Dose နှင့် Boosterတို့အား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံရာသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက် ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ခင်ဆွေနှင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment