ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စိန်ပန်းပင်အမြစ်ကျွတ်မှထွက်၍ လူနေအိမ် ၅ လုံး ပေါ်လဲကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စိန်ပန်းပင်အမြစ်ကျွတ်မှထွက်၍ လူနေအိမ် ၅ လုံး ပေါ်လဲကျ





MNP ၊ ဇူလိုင် ၂၀

သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၁၉ ရက် ည ၇ နာရီ ခွဲအချိန် တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့်  ဆရာစံ ရပ်ကွက် ၊ ဈေးဟောင်လမ်းတွင်  လုံးပတ် ၄ ပေ၊  အရှည် ၂၅.  ပေခန့်ရှိ စိန်ပန်းပင်တစ်ပင် အမြစ်မှကျွတ်ထွက်ကာ နေအိမ် ၅ လုံး ပေါ်သို့ပြိုလဲခဲ့ သည်။အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် တောင်ထန်းမိုး၊ ပျဉ်းခင်း ပျဉ်ကာ အိမ်နှစ်လုံး၊ တောင်ထန်းမိုး ပျဉ်ခင်းထရံကာ အိမ်နှစ်လုံး R C တစ်ထပ်တိုက် ၊သွပ်မိုးအိမ်တစ်လုံး ပျက်စီးခဲ့ပြီး စုစုပေါင်းတန်ဖိုး(၃၃)သိန်းခန့် ပျက်စီးရှုံးဆုံးခဲ့ကြောင်းသိရသည်။


အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့်  ပျက်စီးမှုနေရာသို့ ဘီးလင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူအောင်၊မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ နှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ ၊တပ်မတော်သားများကသွားရောက်၍ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး သဘဝဘေးသင့် အိမ်ထောင်စု၅ စုအား နီးစပ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွေ့နေရာချထားပေးခဲ့ကြောင်းနှင့် လူ၊တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)