ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး





MNP ၊ ဇူလိုင်  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ဝန်ထမ်းမိသားစုဝင်များကို  ယနေ့ နံနက်ပိုင်းက ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းများကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည် သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို ကျန်းမာရေးဌာနမှ တာဝန်ကျ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ် တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။ 

ကျောက်ဖြူမြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူ (၈၆၅၈၁) ဦး၊ ဒုတိယအကြိမ်ထိုးနံပြီးသူ(၇၁၉၃၂)ဦး၊ ထပ်ဆောင်းထိုးနှံပြီးသူ (၂၁၃၅၇)ဦးရှိပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိနေသေးသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် မိသားစုဝင်များကို အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိပြီး ယင်းသို့ ကိုဗစ်ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ဗုဒ္ဓဟူးနေ့တိုင်း ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)