MNP ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီး အာဇာနည် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ကဗျာများစသည့်တို့ကို နံရံကပ်စာစောင်များ တွင် ခင်းကျင်းပြသ ထားရှိမှုအား ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေနှင့်ရင်းနှီး ကျွမ်းဝင် စေရန်ည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များအား ခင်းကျင်း ပြသထားကြသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment