MNP ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ် မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း ရှိ စိန်ပန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစံ ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိအ ကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောသည်။ ထို့ နောက် အလယ်တန်းပြဆရာမ ဒေါ်ခင်နွဲ့ရွှေက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများ အား ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ အင်အား(၁၂၀)ကျော်ခန့် တက်ရောက်ခဲ့သည်။
အလားတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် (၁၆) ရက်နေ့တွင် လည်း အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment