မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးသူများ စီးပွားဖြစ်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးသူများ စီးပွားဖြစ်စိုက်ပျိုး




MNP - ဇူလိုင်  ၁၂


မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဂွေးကုန်းအုပ်စု၊ ဂွေးကုန်းကျေးတွင် ငရုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း လျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။


မြို့သစ်မြို့နယ်တွင် ငရုတ်သီးနှံများကို စိုက်ပျိုးမြေ အနေအထားအပေါ် မူတည်၍ စိုက်ပျိုး ကြကြောင်းနှင့် စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြ ကြောင်း၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ် မူတည်၍ ခူးဆွတ်ရရှိကြောင်း ရောင်းချရာတွင် ဈေးကောင်းရသည့်အပေါ် မူတည်၍ ငရုတ်အသီးအမှည့် အစိုရောင်းချ ခြင်းနှင့် အသီးအခြောက် ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း ဂွေးကုန်းကျေးရွာမှ ငရုတ်စိုက်တောင်သူများ ထံမှ သိရသည်။


ငရုပ်စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများအနေနဲ့ ငရုတ်သီး ဈေးကွက် ရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူ ဦးဌေးလွင်ထံမှ သိရသည်။


ယခုနှစ် ငရုတ်စိုက်တောင်သူများအနေဖြင့် ဈေးကွက်ကိုက်တယ်။ တစ်ပိဿာကို ၁၂၀၀ ဖြင့် ရောင်းရတယ်။ လမ်းထိုင်ရောင်းတဲ့ သူတွေကတော့ ၁၅၀၀ ထိ ရောင်းရတယ် စိုက်ပျိုးသည့် မြေအနေအထားကတော့ ငရုတ်စိုက်တဲ့နေရာမှာတော့ နှစ်သီးပေါ့ တစ်ခါချိုး တစ်ခါစိုက် မြေ မပင်ပန်းဘဲ စိုက်လို့ရတယ်၊ ပင်ပန်းလို့ နားမယ်ဆိုရင် ကိုယ့်ပေါ်မှာဘဲ မှုတည်တာပေါ့ ငရုတ်သီးက မယ်ညိုသီးအရင်တုန်းက ၇၀၀/၈၀၀ ပထမပေါ်တုန်းက ၁၇၀၀ /၁၈၀၀ ထိရှိတယ်။ ဖြေးဖြေးချင်း ဖြိုင်ဖြိုင်ပေါ်လာတော့ ဈေးနှုန်းတွေက ယခုဈေးအတိုင်းပဲ သွားမယ်ဆိုပါက မိသားစုအတွက် အဆင်ပြေမှာဖြစ်ကြောင်း တောင်သူဦးဌေးလွင်ထံက သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)