MNP - ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ဟွေအော့ကျေးရွာတွင် ဇူလိုင်လ (၁၅)ရက်နေ့၌ တိရိစ္ဆာန်ကူးဆက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုံပါကျင်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းတစ်ဦးက တိရစ္ဆာန်များတွင် တွေ့ရှိနိုင်သည့် ရောဂါလက္ခဏာများအကြောင်း၊ ကျွဲ၊ နွားများတွင် တွေ့ရှိနိုင်သည့် ခွာနာ လျှာနာရောဂါများအကြောင်း၊ ရောဂါဖြစ်ပွားနိုင်သည့် နည်းလမ်းများ အကြောင်းနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးနှံရမည့် အခြေအနေများကို ပွင့်လင်းစွာ ရှင်းလင်းပြောကြားပြီး တိရစ္ဆာန်ကူးဆက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် တိရိစ္ဆာန်ပိုးမွှားရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို ရက်သတ္တပတ်အဖြစ် ဇူလိုင်လ (၁၁)ရက်မှ (၁၇)ရက်အထိ မြို့တွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖြူနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment