MNP - ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာ တောင်သူဦးမောင်မောင်ညွှန့် ကွင်းအမှတ် (၁၄၇) တွင် ဆည်ရေဖြင့်စိုက်ပျိုးထားသော ရွှေမနော်နွေးစပါး စိုက်ဧက (၅.၂၃) တွင် ယနေ့ နံနက် (၉) နာရီက စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက် (၁၂၄.၄၅) တင်းထွက်ရှိကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးက နေဒီထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို မင်းရဲစိုက်ပျိုးရေးနည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၁၀၀) ဧက၊ ကင်းတားဆည် ရေသောက်စနစ်ဖြင့် (၅၃) ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၂၅၀) ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၁၅၀) ဧက စုစုပေါင်း (၅၅၃) ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment