ဟိုပန်၌ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါ ဖြစ်ပွားကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါ ဖြစ်ပွားကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် အသိပညာပေးဟောပြော

 




MNP - ဇူလိုင်  ၁၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက  ဟိုပန်မြို့နယ်၊ ဖာလင်ကျေးရွာ၊ လူငယ်ဘဝပြုစုပျိုးထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ဟိုပန်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်လင်းက ဇူလိုင်လ (၁၁)ရက်နေ့မှ ဇူလိုင်လ (၁၇)ရက်နေ့အထိ တိရစ္ဆာန် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ  လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ယနေ့တွင် မွေးမြူရေး တိရစ္ဆာန်များ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မွေးမြူရေး တိရစ္ဆာန်ဖြစ်သည့် ကျွဲ၊ နွား စသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသော အရေပြားအကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါများ၏ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပြန့်နှံပုံနှင့် ကြိုတင် ကာကွယ်နိုင်ရန် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟိုပန်မြို့နယ်၊ ဖာလင်ကျေးရွာအုပ်စုနှင့် ဖတ်ဟာ ကျေးရွာအုပ်စုများမှ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် မွေးမြူကြသည့် ပြည်သူ(၂၂)ဦး တက်ရောက် ခဲ့ကြောင်း ဟိုပန်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)