တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်ပင်ပေါင်း(၃)သောင်းကျော် စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်ပင်ပေါင်း(၃)သောင်းကျော် စိုက်ပျိုးပြီးဖြစ်

 


MNP - ဇူလိုင်   ၅


ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦစီးဌာနအနေဖြင့် ဆေးခင်းကြီးကြိုးပြင်ကာကွယ်တောတွင် ပျိုးပင်ပေါင်း(၃)သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။


တံတားဦးမြို့နယ်အတွင်း ဆေးခင်းကြီးကာကွယ်တော(၂၅၀၅)ရှိပါကြောင်း၊ အဆိုပါကာကွယ်တောတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်ပင်အဟောင်းနေရာများ အစားထိုးစိုက်ပျိုးနိုင်ရေးတို့အတွက် မျိုးစေ့များကို ပျိုးထောင်ခြင်း၊ မြေတိုင်းခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးသည့်နေရာများမှာ အထူးစိမ်းစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်း၊ တောင်တန်းစိုက်ခင်းနှင့် အခြားစိုက်ခင်းဟူ၍ ခွဲခြားထားပါကြောင်း၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် (၁/၂၀၂၂)တွင် ကျေးရွာသုံးစိုက်ခင်း(၃၅)ဧက၊ (၂/၂၀၂၂)တွင် တောင်တန်းစိုက်ခင်း(၄၀)ဧက၊ (၃/၂၀၂၂)တွင် အထူးစိမ်းစိုက်ခင်း(၅)ဧကတို့ စိုက်ပျိုးနိုင်ပါကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအေးချမ်းအောင်ထံမှ သိရသည်။


စိုက်ပျိုးနိုင်ခဲ့သည့် ပျိုးပင်များမှာ ယူကလစ်(၁၀၉၇၃)ပင်၊ ရှား(၁၁၃၁၂)ပင်၊ မြန်မာကုက္ကို(၁၁၀၅၅)ပင်၊ ဒဟတ်(၂၀၀၀)ပင်၊ တမာ(၁၅၀၀)ပင်၊ မြင်ဝါး(၁၀၈၀)ပင်၊ ဖျောက်ဆိပ် (၁၀၀၀)ပင်နှင့် မာတာကွတ်(၁၀၀)ပင်တိုဖြစ်ကြောင်း၊ ပျိုးပင်များစိုက်ပျိုးသည့်နေရာတွင် မိုးများရွာသွန်းလျှင် လုံလောက်သည့် မြေအစိုဓာတ်ရရှိရန်လိုအပ်ပါကြောင်း၊ သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက် ကျင်းများတူးဖော်ရာတွင် အကျယ်(၃)ပေပတ်လည်၊ အနက်(၂)ပေကျင်းများ တူးဖော်ရကြောင်း၊ တောင်တန်းစိုက်ခင်းများသည် အပူပိုင်းဒေသအတွင်းရှိ အပေါ်ယံမြေလွှာပျက်စီးနေပြီး သဘာဝသစ်တောဖံဒးလွှမ်းမှု အလွန်နည်းပါးလျက်ရှိသည့် တောင်ကုန်းတောင်တန်းတစ်ခုချင်းအလိုက် အထူးအလေးပေးရွေးချယ်စိုက်ပျိုးသည့် စိုက်ခင်းဖြစ်ကြောင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းသည် ကျေးလက်နေပြည်သူများ လိုအပ်ချက်ဖြစ်သော သစ်၊ တိုင်၊ မျော၊ ထင်း စသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ အခြားစိုက်ခင်းများသည် အပူပိုင်းဒေသအတွင်းရှိ မြို့/ရွာ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် အခြားလိုအပ်သောနေရာများ၌ သီးခြားတည်ဆောက်စိုက်ပျိုးရသော သစ်တောစိုက်ခင်းများဖြစ်ကြောင်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)