အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း၊ ထီးတော် တင်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း၊ ထီးတော် တင်လှူပူဇော်



MNP ၊ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင် လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် မင်္ဂလာကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ မြတောင် ကျောင်းတိုက် အဓိပတိမဟာနာယက သမ္မတစာချကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မြတောင် ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


၎င်းနောက် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် အလှူရှင်များက အလှူငွေ များ ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝါသေဌာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းကြပြီး စေတီတော် အထွဋ်သို့ တင်လှူပူဇော်ကြသည်။


ဆက်လက်၍ သံဃာတော်များက မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီ တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိတ်သွန်းလောင်းတော်မူ ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)