ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံကြီးအတွက် အထောက်အကူပြု အောက်ဆီဂျင်စက် (Oxygen Concentrator )နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံကြီးအတွက် အထောက်အကူပြု အောက်ဆီဂျင်စက် (Oxygen Concentrator )နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း



MNP - ဇူလိုင်   ၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့ဆေး ရုံကြီး၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့ဆေးရုံကြီးအတွက် အထောက်အကူပြုအောက်ဆီဂျင်စက်(Oxygen Concentrator )နှင့် ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ ပေးအပ်လှူဒါန်းရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန၊ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ များနှင့် နေရပ်ပြန်ပြည်သူများအား လူမှုဂရုဏာနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ အကူအညီပေး ရေးစီမံချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး(ထားဝယ်ရုံး)မှ ဦးချမ်းမြေ့အောင်က အောက်ဆီဂျင် စက်(Oxygen Concentrator )နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ရာ တာဝန်ခံဆရာဝန် ဒေါက်တာထွန်းထွန်းအောင်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့မှ လက်ခံရယူခဲ့‌ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)