တောင်ငူ နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ

 


MNP - ဇူလိုင်  ၆


တက္ကသိုလ်ပရဝုဏ် စိမ်းလန်းစိုပြေစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊  တောင်ငူ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပသည်။


သစ်ပင်စိုက်ပွဲတော်တွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်သစ်တောဦးစီးဌာနနှင့် “Save the tree” သစ်ပင်စိုက်ပျိုးရေးနှင့် ရေရှည်ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းတို့မှ ပျိုးပင်များ ပေးအပ်လှူဒါန်းသည်။


ထို့နောက် သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊  “Save the tree” သစ်ပင်စိုက်ပျိုးရေးနှင့် ရေရှည်ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း၊ တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက အဖိုးတန်သစ်မျိုးများဖြစ်သည့် တပေဘူတ(၁၀၅)ပင်၊ ကံ့ကော်ပင်(၃၀)ပင်၊ စိန်ပန်းနီ/ပြာ(၂၀)ပင်၊ ငုစပ်ချယ်ရီ (၁၅)ပင်၊ ပျဉ်းမပင်(၁၀)ပင်၊ စည်သပြေ(၁၀)ပင်၊  တည်ပင်(၁၀)ပင်၊ မဉ္ဇူသက (၁၀) ပင်နှင့် မဟောဂနီ (၁၀) ပင်အပါအဝင် စုစုပေါင်း ပျိုးပင်ပေါင်း (၂၂၀) ပင်ကို ကျောင်းဝင်းအတွင်း ပင်မ(၄)ထပ် စာသင်ဆောင် အနောက်ဘက်၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)