မိုင်းဆတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ




MNP - ဇူလိုင်   ၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၈) နာရီက ဝိန်းနေရပ်ကွက်၊ သာသနဓူရကျောင်းတိုက် အနီးရှိ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူတို့ကလက်ခံရယူခဲ့ကြသည်။


ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့က ကျွန်းပျိုးပင်(၂၀၀)၊ ယူကလစ်ပျိုးပင်(၁၀၀)၊ မယ်ဇလီပျိုးပင်(၁၀၀)နှင့် စိန်ပန်းနီပျိုးပင် (၁၀၀) တို့ကို သတ်မှတ်နေရာများတွင်စိုက်ပျိုးခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးဌာနမှ နံနက်စာအဖြစ် လ္ဘက်ရည်၊ ကောက်ညှင်းပေါင်းနှင့်အကြော် ဝေငှပေးခဲ့သည်။


သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ သဘာဝတောများကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန်နှင့် မြေအောက်ရေခမ်းခြောက်မှုမှ ကာကွယ်ရန်စသည်တို့ကို ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)