MNP - ဇူလိုင် ၁၁
ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများရုတ်တရက်တိုက်ခတ်မှုကြောင့် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာစံပြကျေးရွာရှိ လူနေအိမ်ဆောက်အဦး တချို့အမိုးအကာများပျက်စီးမှုဖြစ်စဉ် ယမန်နေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့တွင် ရုတ်တရက်လေပြင်း တိုက်ခတ်လာပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကော့သောင်းမြို့ စူငယ်ဘာလိုင်းကျေးရွာ အုပ်စု၊ အောင်ဘာစံပြကျေးရွာရှိ လူနေအိမ် ၁၁ လုံးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟောင်း (အပေါ်ထပ်ရဲကင်းဟောင်း) အဆောက် အဦး နှင့်ကျေးရွာဆေးပေးခန်း ခေါင်မိုးများ လန်ထွက်ပျက်စီးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းနှင့် ကော့သောင်းခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လိုအပ်သည့်ကူညီရှင်းလင်းကယ်ဆယ်မှု လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment