MNP - ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမော် ဦးဆောင်၍ ဆရာ/ ဆရာမများ ကျောင်းသား/ကျောင်းသူများက ကျောင်းနေဝန်းကျင် စိမ်းလန်းစိုပြေရေး စုပေါင်း ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြင်၊ ယင် အစရှိသောအကောင်များ ခိုအောင်းနိုင်သော ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ မီးရှို့ခြင်း၊ သွေးလွန်တုတ်ကွေးရာသီဖြစ်သောကြောင့် ရေနှုတ်မြောင်းများရှိ အမှိုက်များ ရှင်းလင်းဆယ်ယူခြင်း၊ ကျောင်းတွင်း မျက်စိပသာဒဖြစ်စေသောပန်းပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အလားတူပင် ဒိုက်ဦးမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းပေါင်း ၁၇၇ ကျောင်း၌လည်း ဝန်းကျင်စိမ်းလန်းစိုပြေရေး စုပေါင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment