ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများပြားလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများပြားလာ





MNP - ဇူလိုင်  ၁၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာများမှဖီးကြမ်း ငှက်ပျောစိုက်တောင်သူများ  ဖီးကြမ်းငှက်ပျော ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ဖီးကြမ်းငှက်ပျိုး စိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူများပြားလာကြောင်း တောင်ဖက်တန်းကျေးရွာ ဦးမင်းညိုထံကသိရသည်။


ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု၊ ကျေးရွာများသည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြု၍စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက်မြစ်ရေတင်ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့်လည်းကောင်း စိုက်ပျိုးကြကာ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများအောင်မြင်ဖြစ်ထွန်းနေ ကြကာဖီးကြမ်း ငှက်ပျောခုတ်ချိန်(ပေါ်ချိန်)ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျော စိုက်တောင်သူများအဆင်ပြေနေကြကြောင်း သိရသည်။


လက်ပံခြေပေါ်ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးဆယ်လ၊ ဆယ့်တစ်တွင် ငှက်ပျောစတင်ပေါ်ကာ ခုတ်သိမ်းရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံးဈေးသည်လည်း ငှက်ပျောဖီးအရေအတွက်အပေါ်မူတည်ကာဈေးသတ်မှတ်ရောင်းချကြောင်းသိရပြီး ငှက်ပျောတစ်ဖီး ၈၀၀ကျပ်ဖြင့်ရောင်းကြပြီး၊ ငှက်ပျောခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ၆၄၀၀ကျပ်သတ်မှတ်ရောင်းချကာ ၁၀ ဖီးခိုင်တစ်ခိုင် ၈၀၀၀ကျပ်သတ်မှတ်ရောင်းချပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပြောမှန်သမျှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း ဈေးနှုန်းကောင်းဖြင့်ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများအဆင် ပြေနေကြကြောင်းသိရသည်။ ငှက်ပျောသီးနှံ စိုက်ပျိုးခြင်းသည် အလုပ်များနေ၍ပြစ်ထား လျှင်ပင်မသေဘဲ၊ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့်သီးနှံအမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများကပြောပြကာ ဖီးကြမ်းငှက်ပျောသီးနှံတစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ်ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင်သားတက်ယူကာ ငှက်ပျောခြံအားပြုပြင်စိုက်ပျိုးကြောင်းသိရပြီး ငှက်ပျောခြံထိ ငှက်ပျောပွဲစားများလာ ရောက်ဝယ်ယူခြင်းနှင့် ကားလမ်းမကြီးချရောင်းချခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ပခုက္ကူမြို့ ငှက်ပျောပွဲစားများလာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ်ငှက်ပျောစိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း ငှက် ပျောစိုက်တောင်သူများကရှင်းပြ၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)