MNP - ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉:၃၀ နာရီက ကျိုက်ဝိုင်းစေတီတော်အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အလှည့်ကျဂေါပကအဖွဲ့ဝင် ဦးထင်ကျော်မိုးက ယခုလိုဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို နှစ်စဉ်ကျင်းပ လျက်ရှိပါကြောင်း၊ ဘုန်းကြီးကျောင်းပေါင်း(၃၄)ကျောင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူခြင်းဖြစ်ပြီး ယနေ့တွင် ဆရာတော်(၄၄)ပါး အတွက်တစ်ပါးလျှင် သင်္ကန်း(၂)စုံနှုန်းဖြင့် ဆပ်ကပ်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတွင် ဆရာတော်ဘုရားများထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ အလှူရှင်များဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်း - အေးအေးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment