ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင် ငရုတ်သီးများ ဈေးကောင်းရရှိ၍ ငရုပ်စိုက် တောင်သူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင် ငရုတ်သီးများ ဈေးကောင်းရရှိ၍ ငရုပ်စိုက် တောင်သူများအဆင်ပြေ

 



MNP - ဇူလိုင်  ၁၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင်ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေး ကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စိုက်တောင်သူမျာထံမှ သိရသည်။


ကျောက်ဆည်မြို့နယ်တွင် သီတင်းကျွတ်လမှတပိုတွဲလအထိ ငရုပ်သီးနှံများကို စိုက်ပျိုးမြေ အနေအထားအပေါ်မူတည်၍ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာ တွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ရာသီဥတုနှင့်အပင်အပြုအစုအပေါ်မူတည်၍ တစ်ဧက တင်း(၃၀၀)မှ (၅၀၀)တင်းအထိ ခူးဆွတ်ရရှိကြောင်း ရောင်းချရာတွင် ဈေးကောင်းရသည့်အပေါ်မူတည်၍ ငရုပ်အသီးအမှည့် အစို ရောင်းချခြင်းနှင့် အသီးအခြောက်ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း ရွာသာအေးကျေးရွာမှ ငရုပ်စိုက် တောင်သူဦးမြင့်ရီက ပြောပြသည်။


ကျောက်ဆည်မြို့နယ်၌ ငရုပ်သီးနှံများကို စီမံကိန်းစိုက်ဧကအဖြစ် တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ကြက်မင်းတွန်၊ ဖောင်ရွာ၊ ပတ္တာ၊ ပင်တလည်၊ ပြည်ပန်း၊ သမန္တလင်း၊ မြင်းကဘက်၊ မုံ့ပေါင်း၊ လက်ပံဇင် ကျေးရွာအုပ်စုများတွင် (၁၅၉)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီု၊ ကုလားကျောင်၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ရဲယမန်းကျေးရွာအုပ်စုများတွင် (၄၀၄)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာ အုပ်စုများတွင် (၃၉၀)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော်၊ တောတွင်၊ မြေစိုပါယ် ကျေးရွာအုပ်စု များတွင် (၁၆၇)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်း၊ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ အနောက် ငါးဆူ၊ ရှားပင် ကျေးရွာများတွင် (၆၈၀)ဧကစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)