မွန်ပြည်နယ် ဝန်ကြီးချုပ် (၁၂)ကြိမ်မြောက် မွန်ပြည်နယ် အစိုးရအဖွဲ့ စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် (၁၂)ကြိမ်မြောက် မွန်ပြည်နယ် အစိုးရအဖွဲ့ စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား တက်ရောက်




MNP ၊ ဇူလိုင် ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၂) ကြိမ် မြောက် စုပေါင်းဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ ကြောင်း သိရသည်။ 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် သာသနာ့မာရ်အောင် ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီး ပဓါနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဌိတ ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့် တော်မူသော မေတ္တာသုတ်  ပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး တို့က ဝါဆိုသင်္ကန်းအား စုပေါင်းကပ်လှူခဲ့ကြသည်။ 

ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် အတုလ ရန်အောင် စာသင်တိုက်ကြီး၏ ဦးစီး ပဓါန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဌိတ ဘဒ္ဒန္တ ကောသလ္လ အရှင်သူမြတ်ထံမှ အနုမောဒနာ တရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေ ခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ထို့နောက် သံဃာတော် များအား ဆွမ်း ဆက်ကပ် လှူဒါန်းပြီး တရားနာ ကြွရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည်ခံခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၂ ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း များကို မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း (၃၃၁)ကျောင်းသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်၍ ဆက်ကပ် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)