မအီမြိုတွင် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီတော်မြတ်ကြီး ရင်ပြင်တော်ကြွေပြားခင်းခြင်းလုပ်ငန်းများ မိုးတွင်းကာလ ယာယီရပ်ဆိုင်းမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြိုတွင် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီတော်မြတ်ကြီး ရင်ပြင်တော်ကြွေပြားခင်းခြင်းလုပ်ငန်းများ မိုးတွင်းကာလ ယာယီရပ်ဆိုင်းမည်





MNP ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ အမ်း <---> မအီ လမ်းမဘေး၌ တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကြွေပြားခင်းခြင်း လုပ်ငန်းများကို မိုးတွင်းကာလတွင် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။


စေတီတော်မြတ်ကြီးရင်ပြင်တော် ကြွေပြားခင်းခြင်းလုပ်ငန်းများကို မအီမြို့ပေါ်မှ စေတနာရှင် ပရဟိတလူငယ်များက သက်ဆိုင်ရာဂေါပကအဖွဲ့အားအသိပေး၍ မအီမြို့ပေါ်နှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များက လှူဒါန်းရရှိငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ " လုပ်ငန်းစတင်တာကတော့ ဒီဇင်ဘာလဆန်းက စတင်ခဲ့ပါတယ်။ ကိုယ်ကတော့ မေလအကုန်လောက်ကို အပြီးသတ်ဆောင်ရွက်နိုင်မယ်လို့ ရည်မှန်းထားတာပေါ့၊ ငွေကြေးမလုံလောက်မှုနှင့် ရာသီဥတုကြောင့် မိုးတွင်းကာလမှာ ယာယီရပ်နားထားတာပါ " ဟု လူငယ်များအဖွဲ့မှ ကိုဖြိုးဝေလင်းက ပြောကြားသည်။


အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တော် ကြွေပြားခင်းခြင်းလုပ်ငန်း၌ ယခင်က တစ်ပေပတ်လည် ကြွေပြားတစ်ချပ်ကို ၁၅၀၀ ကျပ်ဖြင့် အလှူခံ၍ ခင်းကျင်းခဲ့ပါကြောင်း၊ ကြွေပြားအချပ်ရေ ၅၀၀၀ ကျော်ကို ရင်ပြင်တော်၌ ခင်ကျင်းပြီးဖြစ်၍ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို အပြီးသတ်ဆောင်ရွက်နိုင်ဖို့ရန် အလှူရှင်များ ထပ်မံလိုအပ်နေပါသေးကြောင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ယခင်က ကြွေပြားတစ်ချပ် ၁၅၀၀ ကျပ်ကို ၂၀၀၀ ကျပ်နှုန်း ပြောင်းလဲ၍ အလှူခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်များမှာ ကြွေပြားတစ်ခုတည်းမဟုတ်ဘဲ ဘိလပ်မြေ၊ သဲ၊ ကျောက်နှင့် ရင်ပြင်တော် ကုန်းတော်ပေါ်သို့ သယ်ယူစရိတ်များ၊ ပန်းရံလက်ခ စသည့် အထွေထွေစရိတ်များလည်း လိုအပ်ပါ၍ အလှူရှင်များမှာ များစွာလိုအပ်နေပါသေးကြောင်း၊ လာမည့်ဆောင်းဦးရာသီတွင် ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို အပြီးသတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မအီမြို့နှင့် တစ်မိုင်ခန့်သာကွာဝေးသည့် ဖော်ပြပါ ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ် စေတီတော် ရင်ပြင်ကုန်းတော်ပေါ်သို့ သွားလမ်းမှာ ယာဉ်ကြီး/ယာဉ်ငယ်များ ရာသီမရွေး ဆင်းတက်နိုင်ရန် အမာခံလမ်းကောင်းစွာလိုအပ်နေခြင်းအပေါ် သက်ဆိုင်ရာဂေါပက၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များအနေဖြင့် အလေးထားဂရုပြုကြစေလိုကြောင်းတို့ကို ဖြည်စွက်ပြောကြားလိုပါကြောင်း အဆိုပါ ကိုဖြိုးဝေလင်းက ပြောကြားခဲ့သည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)