ဘီးလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများသို့ ဆက်လက် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများသို့ ဆက်လက် ထုတ်ချေးပေး





MNP ၊ ဇွန် ၁၄

သထုံခရိုင် ၊ ဘီးလင်းမြို့နယ်  မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး ဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မတ်လ ၅ ရက်နေ့မှ စတင်ကာ ရပ်ကွက်၊ကျေးရွာများရှိ မိုးစပါးစိုက်တောင်သူများ သို့ ထုတ် ချေးပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ၁ သိန်း ခွဲနှုန်း ဖြင့် ရပ်ကွက် ၊ကျေးရွာ၂၆ အုပ်စုမှ မိုးစပါးစိုက်ဧက ၁၄၁၁၅  ဧက အတွက် သိန်းပေါင်း ၂၁၁၇၂.၅ သိန်းခန့်ထုတ်ချေးရန်လျာထား ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်မန်နေဂျာ ဦးရဲထွန်းထံမှ သိရသည်။

ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် ညောင်ပလင်ကျေးရွာမှ  မိုးစပါး စိုက် တောင်သူ  ၁၅၂  ဦး ၏ မိုးစပါးစိုက်ဧက ၉၃၉  ဧက အတွက် သိန်းပေါင်း ၁၄၀၈.၅  သိန်းကို   မြန်မာ့ လယ်ယာဖွံဖြိုးရေး  ဘဏ်မှ  ထုတ်ချေး ပေးခဲ့ ပြီးဖြစ်သည်။

ဘီးလင်းမြို့နယ်တွင် ယနေ့အချိန်ထိ ကျေးရွာပေါင်း ၁၅  ရွာမှ မိုးစပါး စိုက်ဧက ၄၃၉၇  ဧကအတွက်   စုစုပေါင်းငွေကျပ် သိန်းပေါင်း ၆၅၉၅.၅ ကို ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)